လူအများကြားသိသာထင်ရှားစေနိုင်တဲ့ Content များဖန်တီးနိုင်မယ့် နည်းလမ်းများ

Content Marketing ဆိုတာကတော့ ကိုယ့်ရဲ့ Brand ကဘာကို တန်ဖိုးထားတယ်၊ Brand နဲ့ ပတ်သက်ဆက်နွယ်မှုရှိပြီး လိုက်လျောညီထွေမှုရှိတဲ့ Content တွေကို တီထွင်ဖန်တီးပြီး ဖြန့်ဝေပေးတဲ့ Marketing နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ခုချိန်မှာဆိုရင်တော့ Content Marketing ဟာဆိုရင် စီးပွားရေးတစ်ခုအနေနဲ့သာမဟုတ်ပဲ မိမိကိုယ်ကိုမြှင့်တင်ရာမှာလည်းအရေးပါလှပါတယ်။ Content ကိုဖန်တီးရာမှာဆိုရင် ပုံစံမျိုးစုံရှိနိုင်ပြီးတော့ တစ်ဦးတစ်ယောက်ချင်းဆီမှာ မတူညီတဲ့နည်းလမ်းမျိုးစုံလည်း ရှိကြပါတယ်။ ဒီတော့ ကိုယ့်ရဲ့စီးပွားရေးအတွက် အကောင်းမွန်ဆုံးနည်းလမ်းများချမှတ်ရာမှာလည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အခြားသူတွေရဲ့ content ကနေ ကွဲထွက်နိုင်ဖို့အတွက်နည်းလမ်းလေးတွေ မ ျှဝေပေးလိုက်ပါတယ်။

Engagement ပိုမိုရရှိနိုင်ဖို့ ဖတ်ရှုသူများအတွက် မေးခွန်းပုံစံများဖန်တီးခြင်း
Engagement များများရဖို့အတွက်ဆိုရင် မေးခွန်းမေးတဲ့ပုံစံမျိုးသုံးပေးသင့်ပါတယ်။
မေးခွန်းမေးခြင်းဟာ ကိုယ့်ရဲ့ Customer တွေနဲ့ စကားဝိုင်းဖွဲ့ရာမှာ အထောက်အကူပြုစေနိုင်တဲ့အပြင် ကိုယ့်ရဲ့ Product နဲ့ Fan တွေကြား Engagement ပိုရစေနိုင်မယ့်အကောင်းဆုံးနည်းလမ်းတစ်ခုလို့ပြောလို့ရပါတယ်။ Facebook မှာ Engagement ပိုရချင်တဲ့ လုပ်ငန်းတွေအတွက် မကြာခဏအသုံးပြုတဲ့နည်းလမ်းတစ်ခုဖြစ်လာပါတယ်။

ဒီလိုမေးခွန်းမေးရာမှာ အကျိူးသက်ရောက်မူရှိစေမယ့် မေးခွန်းပုံစံ (၃) ခုကတော့ ….
(၁) “ကိုယ့်ကို စိတ်အပန်းဖြေစေနိုင်မယ့် နည်းလမ်းတစ်ခုကဘာများပါလိမ့်?” “ကိုယ့်ရဲ့ Weekendကို ဘယ်လိုများကုန်ဆုံးကြလဲ?” အဲ့ဒီလိုမေးခွန်းတွေဟာ ကိုယ့်ရဲ့ Fan တွေနဲ့ အပြန်အလှန်စကားပြောနိုင်သလို သူတို့ရဲ့ စိတ်ဝင်စားတဲ့အရာတွေနဲ့ Lifestyle အကြောင်းကိုပါ သိခွင့်ရလာမှာဖြစ်ပါတယ်။
(၂) “ဝယ်ယူအားပေးဖို့အဆင်သင့်ပဲလား?” “ဒေါင်းလုပ်ရယူဖို့အတွက် စိတ်ဝင်စားတယ်ဟုတ်?” “ဒီ Weekend မှာ အဲ့ဒီမှာရှိကြမယ်ဟုတ်?”
တစ်ခုခုကို လုပ်ဆောင်ဖို့နှိုးဆော်ပေးတဲ့ မေးခွန်းမျိုးတွေက Brand Campaign လုုပ်တဲ့အခါ ကိုယ့်ရဲ့ Campaignပေါ် Fanတွေဘယ်လောက်ထိစိတ်ဝင်စားကြလည်း ဘယ်လောက်ထိစိတ်လှုပ်ရှားနေကြနေလည်းဆိုတာကို သိနိုင်ပါတယ်။ အဲ့လိုမေးခွန်းမျိုးတွေက ကိုယ့်ရဲ့Productပေါ်မှာ Customerတွေဘယ်လောက်ထိကြိုက်ကြလည်းဆိုတာကို သိရှိနိုင်အောင်ကူညီပေးပါလိမ့်မယ်။
(၃) “အသစ်ထွက်ရှိလာတဲ့ Product လေးကို သဘောကျကြတယ်ဟုတ်?” “အကြိုက်ဆုံးအရသာကဘာများပါလိမ့်?” “ကျွန်တော်တို့ရဲ့ Customer Service နဲ့ပတ်သက်ပီး အတွေ့အကြုံလေးတွေပြောပြပေးပါဦး?”
ကိုယ့်ရဲ့ Product ဒါမှမဟုတ် Service နဲ့ပတ်သက်ပီး Feedback တောင်းတဲ့မေးခွန်းတွေဟာ ကိုယ့်ရဲ့ Customerတွေအနေနဲ့ ဘယ်လိုပုံစံမျိုးလေးတွေကို ကြိုက်တတ်တယ်ဆိုတာ ခန့်မှန်းနိုင်ပြီး ဘယ်နယ်ပယ်ကို ထပ်မံချဲ့ထွင်လို့ရလည်းဆိုတာမျိုးပါ ခန့်မှန်းလို့ရနိုင်ပါတယ်။

ကိုယ့်ရဲ့လုပ်ငန်းအတွက် အပြန်အလှန်စကားပြောနိုင်မယ့် Contentမျိုးကို သုံးဖို့အစီအစဉ်ရှိတယ်ဆိုရင်တော့ Customer တွေကို အမြန်ဆုံး Reply ပြန်နိုင်ဖို့ ပြင်ဆင်ထားဖို့လိုပါတယ်။ ကိုယ်ဟာပိုပြီး တက်တက်ကြွကြွတုန့်ပြန်နိုင်လေ Customerတွေအတွက် အကောင်းဆုံးအတွေ့အကြံုကိုပေးနိုင်လေဖြစ်ပါတယ်။

 

#hashtags ကိုအသုံးပြုပါ။
ကိုယ့်ရဲ့ Facebook and Instagramတွေရဲ့ Post တွေမှာ hashtag ကိုအသုံးပြုမယ်ဆို ကိုယ့်ရဲ့ Product နဲ့ Service တွေအကြောင်းကို အလွယ်တကူရှာဖွေနိုင်ပါတယ်။ hashtag သုံးခြင်းဖြင့် တခြားPage တွေ၊ Fan တွေနဲ့ အပြန်အလှန်ချိတ်ဆက်တုံ့ပြန်မူများရနိုင်ပါတယ်။ Customer တွေအနေနဲ့ ကိုယ့်ရဲ့အတွေ့အကြံုကို သူငယ်ချင်းတွေကို tag လုပ်ပီးမျှဝေနိုင်ပါတယ်။ ကိုယ့်ရဲ့ Campaign ဘယ်လောက်ထိ ကြီးလာလဲနိုင်လည်းဆိုတာလည်း အလွယ်တကူသိနိုင်ပါတယ်။ Facebook မှာကိုယ့်ရဲ့ Camapign အတွက် hashtag ကိုအသုံးပြုလိုက်မယ်ဆိုရင် Campaignအကြောင်းဘာတွေပြောနေကြလည်းဆိုတာကိုပါ အလွယ်တကူရှာဖွေနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ Client တွေထဲက Brand တစ်ခုဖြစ်တဲ့ Myanmar Premium နဲ့ဆိုရင် ၂၀၁၆-၂၀၁၇တောက်လျှောက် Online အတွက်ရော Offiline အတွက်ပါ EDMလို Festival ပွဲတွေအတွက်ကို လုပ်ပေးဖူးပါတယ်။ Myanmar Premium ကိုအားပေးကြသူများအတွက် #premiumxp လို hashtag မျိုးဖန်တီးပေးပြီး အောင်မြင်မှုလည်း ရခဲ့ပါတယ်။ Instagram မှာဆိုရင်လည်း #premiumxp hashtag နဲ့ပုံပေါင်း ၁၀၀၀ ကျော်ရှိနေပြီးတော့ like ပေါင်း ၁၅,၀၀၀ကျော်ရှိနေပါပြီ။ ဒါဟာဆိုရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်အချိတ်အဆက်တွေပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်ခုလို့လည်းပြောလို့ရပါတယ်။

 

Behind the scenes/ သီးသန့် Video လေးတွေတင်ပေးပါ။
Product နဲ့ brand တွေအတွက် Video content ဟာဆိုရင်လည်း ကိုယ့်ရဲ့ Fan တွေနဲ့ အပြန်အလှန်ချိတ်ဆက်မူလုပ်နိုင်တဲ့ နည်းလမ်းတစ်ခုလို့ပြောလို့ရပါတယ်။ ဒီနည်းလမ်းဟာကိုယ့်ရဲ့ Facebook Page ကိုတိုက်ရိုက်စိတ်ဝင်စားမူရစေနိုင်တဲ့အတွက် ကိုယ့်ရဲ့ Fan တွေဟာ Video ကို ရောက်လာကြမှာပါ။ Data တွေစျေးကြီးတဲ့ မြန်မာနိုင်ငံမှာတော့အရမ်းကိုအရေးကြီးပါတယ်။
အကောင်းဆုံးသော ပြပွဲများပြုလုပ်ပြီး Product ကို ပြသခြင်း ဒါမှမဟုတ် သင့်ရဲ့ Product အတွက် ရိုက်ကူးရေး videoအပိုင်းအစလေးတွေကို Behind the scene အနေနဲ့ ရိုက်ကူးပြီး Fan များအား ကြည့်ရှုနိုင်စေဖို့ Video တွေတင်ပေးခြင်းဟာဆိုရင်လည်း ထိရောက်မှုရှိပါတယ်။
ဒီလို video တွေဟာဆိုရင် video ထုတ်လုပ်မှုပိုင်းမှာ စျေးသက်သက်သာသာနဲ့ပဲ ရိုးရှင်းစွာ ပြုလုပ်လို့ရနိုင်ပါတယ်။ ကိုယ့်ဖုန်းကနေတဆင့် live streaming လုပ်ပေးတာဟာဆိုရင်လည်း ကောင်းမွန်တဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ Video မှာဘာတွေကို အဓိကထားပြမှာလဲ၊ ဘယ်သူတွေကိုလဲ၊ ဘယ်နေရာမှာရိုက်မှာလည်းဆိုတာ သေချာအောင် အမြဲတမ်းစီစဉ်ပါ။ ကိုယ့်Video ရဲ့ Lighting ပိုင်း၊ အသံပိုင်းကို သေချာကောင်းအောင်လုပ်ပါ။ Quality ပိုင်းစိတ်ချရဖို့ သေချာကြိုတင်စစ်ဆေးထားပါ။ Video Edit လုပ်ဖို့အချိန်အလုံအလောက်ရမယ်ဆိုရင်တော့ Video ရဲ့ Subtitles, Background Music နဲ့ Effectsတွေ ထည့်ပီးဖန်တီးစေချင်ပါတယ်။

 

ကိုယ့် Brand နဲ့ သင့်လျော်တဲ့ article တွေဖော်ပြပေးပါ။
Online စာဖတ်သူတွေဟာ Tipတွေနဲ့ သက်ဆိုင်တဲ့ Articleတွေကို ဦးတည်ဖတ်ကြပါတယ်။ လစဉ်နိုင်ငံတကာမှာ Tip တွေနဲ့ပတ်သက်တဲ့ရှာဖွေမူဟာဆိုရင် ၃၀,၄၀၀,၀၀၀ ထိရှိနေပါတယ်။ အဓိကအားဖြင့် Photography, Makeup, Sudoku, Travel နဲ့ Weight loss အကြောင်းတွေများပါတယ်။ ကိုယ်နဲ့သက်ဆိုင်တဲ့ နယ်ပယ်ပေါ်မူတည်ပီး Tip တွေကိုရှာဖွေဖတ်တတ်ကြပါတယ်။ ကိုယ်ကြည့်ချင်တဲ့ Video Tip မျိုးကို Googleမှာရော Facebook Pageတွေမှာပါ ရှာဖွေနေကြပါပီ။ မြန်မာဘာသာနဲ့ရေးထားတဲ့ Tipတွေက ရှားပါးသလို မြန်မာလိုဖတ်ချင်တဲ့လူဦးရေက များပြားတယ်ပြောလို့ရပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Article တွေကို မြန်မာလိုရေးပေးဖို့ လိုအပ်ပါတယ်။

 

အများကြားမှာထင်ပေါ်နေပါစေ။
ကိုယ့် Competitor တွေရဲ့ content တွေကို လေ့လာသင့်ပါတယ်။ ဒါမှ ကိုယ့်ရဲ့ content တွေဟာ သူတို့နဲ့ ဘယ်လိုကွဲပြားပြီးတော့ တီထွင်ဖန်တီးမှု ပိုမိုုကောင်းမွန်တယ်ဆိုတာကို ဆန်းစစ်နိုင်မှာပဲဖြစ်ပါတယ်။ ကိုယ့်ကို Follow လုပ်ထားကြတဲ့ သူတွေဟာ ကိုယ့်ရဲ့ Competitor တွေကိုလည်း Follow လုပ်ထားကြနိုင်တာဖြစ်တဲ့အတွက် ကိုယ်အသုံးပြုမယ့် ပုံအမျိုးအစားကို ကိုယ့်ရဲ့ Campaign မျိုးမဟုတ်တောင် ကိုယ်အမြဲတင်နေကျ Content လိုမျိုး၊ သုံးနေကျအသံနေအသံထားမျိုး၊ သုံးနေကျ Typography၊ Graphic မျိုးစသဖြင့် သေချာဆန်းစစ်ရမှာပဲဖြစ်ပါတယ်။ အထူးသဖြင့် Graphic content တွေက ပိုအရေးကြီးပါတယ်။ ကိုယ့်တင်လိုက်တဲ့ Post က ကြည့်ရတာကောင်းနေပြီဆို တော်တော်များများ Share လုပ်ကြမှာဖြစ်ပြီးတော့ Graphic ပုံကောင်းတစ်ခုဟာ ကိုယ့်ကိုထင်ပေါ်စေဖို့ အကူအညီအများကြီးပေးပါလိမ့်မယ်။

Comments

comments