မြန်မာနိုင်ငံရှိစားသောက်ဆိုင်များအတွက် Digital Marketing Customer များများရစေဖို့ လမ်းညွှန်ဆောင်ရွက်ချက်များ

ရန်ကုန်မှာရှိတဲ့စားသောက်ဆိုင်တွေအနေနဲ့ သူတို့ရဲ့ Customer တွေနဲ့ Engagement အများကြီးလုပ်နိုင်ဖို့အတွက် အခွင့်အရေးအများကြီးရှိပါတယ်။ Facebook ကတော့ Engagement အများကြီးယူနိုင်မယ့်နေရာတစ်ခုလို့ပြောလို့ရပါတယ်။ လူတိုင်း Facebook ပေါ်မှာရှိကြပါတယ်။ စားသောက်ဆိုင်နဲ့ ပတ်သက်ပြီးကိုယ့်ရဲ့ အတွေ့ အကြုံတွေကိုလည်း Sharing လုပ်နေကြပါတယ်။ကိုယ့်ရဲ့ လုပ်ငန်းကို Social Media ပေါ်မှာ ရင်းနှီးမြုပ်နှံမူလုပ်မယ်ဆိုရင် အရောင်းပိုင်းလည်းတိုးလာမှာဖြစ်သလိုကိုယ့် Brand နဲ့ပတ်သက်ပြီး လူပိုသိအောင်လည်းလုပ်နိုင်ပါတယ်။

ဒါကြောင့် စားသောက်ဆိုင်နဲ့ပတ်သက်ပြီး Tipလေးတွေကိုပြောပြပေးလိုက်ပါတယ်။
ကိုယ့်ရဲ့စားသောက်ဆိုင်အကြောင်းနဲ့ ဘာကြောင့်ကြိုက်နှစ်သက်ရတယ်ဆိုတာကို လူအများသိအောင်သိအောင်လုပ်သင့်ပါတယ်။ ကိုယ့်စားသောက်ဆိုင်ရဲ့ အတွင်းပိုင်းအပြင်အဆင်၊ မီးဖိုချောင်၊ အစားသောက်နဲ့ Meunတွေပါတဲ့ပုံတွေကို မျှဝေပေးပါ။ အဲ့ဒါမှကိုယ်ဟာ ကိုယ့်ရဲ့ ဆိုင်နဲ့ အစားသောက်တွေကို အမှန်အကန်ဂရုစိုက်တယ်ဆိုတာကို ကိုယ့်ရဲ့ Customer တွေမြင်နိုင်မှာဖြစ်ပါတယ်။

ကိုယ်ဟာဘယ်လိုစားသောက်ဆိုင်မျိုးလည်းဆိုတာကို Audience တွေသိအောင်လုပ်ပါ။ အကောင်းဆုံးနည်းလမ်းတွေကတော့ ကိုယ့်ရဲ့ Fanတွေကို စားသောက်ဆိုင်နဲ့ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေ၊ Menuတွေ၊ Information တွေ၊ အဓိကဟင်းလျာတွေအကြောင်းကို ပြောပြပေးသင့်ပါတယ်။ အဲ့ဒါမှ ကိုယ့်ရဲ့အစားအသောက်တွေကိုု စိတ်ဝင်တစား အိမ်မှာချက်ကြည့်ဖို့နဲ့ ဆို်င်ကိုလာလည်ဖို့ ခံစားချက်တွေကို လှုံဆော်ပေးနိုင်မှာဖြစ်ပါတယ်။

ကိုယ့်ရဲ့အစားသောက်တွေကို စတိုင်ကျလှပအောင်ထားပြီး ဂုဏ်ယူစွာပြသပါ။ မြန်မာတွေဟာ အစားအစားတွေကို နှစ်သက်ကြပါတယ်။ Instagram style နဲ့ အစားအစာပုံတွေဟာဆိုရင်
မယုံနိုင်လောက်အောင် Engagement အများဆုံးနဲ့ Share အရေအတွက်လည်း အများကြီးရပါတယ်။ လူအတော်များများဟာဆိုရင် အရသာခံစားချက်တစ်ခုတည်းနဲ့သာမကပဲ မျက်လုံးအမြင်နဲ့ပါ စားသောက်ဖို့စိတ်ကူးလေ့ရှိတာကြောင့် သွားရည်ကျစေလောက်တဲ့ photo နဲ့ video တွေဖန်တီးပေးခြင်းဖြင့် ကိုယ့်ရဲ့ အစားအစာကို စားချင်လာအောင် လုပ်သင့်ပါတယ်။

ကိုယ့်ရဲ့ Fanတွေကို ပျော်စရာလေးတွေဖန်တီးပေးပါ။ အကောင်းဆုံးနည်းလမ်းကတော့ ပြိုင်ပွဲအသေးစားလေးတွေ ပဟေဠိလေးတွေဖန်တီးပေးပါ (ဥပမာ- ဒီတစ်ခေါက် Meun လေးကို ခန့်မှန်းပေးပါအုံးနော်)။ အဲ့ဒီလိုလေးလုပ်ပေးခြင်းဖြင့် ကိုယ့်Fanတွေရဲ့ စိတ်ဝင်စားမူကို ရနိုင်ပြီး ကိုယ့်ရဲ့ Facebook Page ကိုလည်း Share လုပ်နိုင်မယ့်အကြောင်းပြချက်တစ်ခု အနေနဲ့ ပေးနိုင်မှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ဆိုင်နဲ့ပတ်သက်ပြီး ကောင်းတဲ့ Review တွေ Check-in လုပ်တဲ့ Post တွေထက် ကောင်းတဲ့နည်းလမ်းမရှိပါဘူး။ ပွင့်ပွင့် လင်းလင်း နဲ့ စီးပွားရေးမဆန်တဲ့ သုံုးသပ်ချက် Honest Reviews ၊ Check-in တွေကိုုတော့ လျော့တွက်လိုု့မရပါဘူး။ နေရာတိုင်းမှာရှိတဲ့ အစားအသောက်နှစ်သက်သူတွေဟာသူတို့ Like လုပ်ထားတဲ့ဆိုင်တွေမှာ သူတို့ရဲ့ သူငယ်ချင်းမိတ်ဆွေတွေ၊ Influencer တွေ သွားစားပြီးပြီလားဆိုတာ ကြည့်တတ်ကြပါတယ်။ ကိုယ့်ရဲ့ဆိုင် Check-in အရေအတွက်များလာဖို့ ဆိုင်တွင်း Campaign လေးတွေဖြစ်တဲ့ Check-in ဝင်ပေးမယ်ဆို giveaway Voucher လေးတွေပေးမယ်/ စျေးလျော့ပေးမယ် စသဖြင့်လုပ်လို့ရပါတယ်။ ကိုယ့်ရဲ့ Customer တွေကို အကောင်းဆုံးဝန်ဆောင်မူပေးနိုင်ဆိုရင် ကောင်းတဲ့ Review တွေရမှာ အသေအချာပဲဖြစ်ပါတယ်။

ကိုယ့်ရဲ့ Biggest Customer တွေနဲ့ Engagement ကောင်းကောင်းရဖို့အတွက်ဆို ကိုယ့်ရဲ့ Fan တွေကို ဆိုင်နဲ့ပတ်သက်ပြီး များများပြောအောင်တွန်းအားပေးနိုင်တာမျိုးလုပ်ပေးပါ။ ဆိုင်နဲ့ ပတ်သက်တဲ့အတွေ့အကြံုတွေကို ပြောပြပေးမယ့် Campaign မျိုးလုပ်ခြင်းဟာ လူတိုင်းပါဝင်စေနိုင်မယ့် အကောင်းဆုံးနည်းလမ်းဖြစ်တဲ့အပြင် အနည်းဆုံး Engagement သုံးဆမက ပိုုပြီးရနိုင်မှာဖြစ်ပါတယ်။ လူတိုင်းက ပျော်စရာကောင်းတဲ့ Campaign မျိုးကိုကြိုက်ကြပါတယ်။ ကိုယ့်ရဲ့ Facebook Page ပေါ်မှာပြိုင်ပွဲလေးတွေကို Promote လုပ်ပေးခြင်းဖြင့် Social Media ပေါ်မှာရေပန်းစားလာအောင်လုပ်ပေးနိုင်ပါတယ်။

Facebook ads (Reach ပိုုရောက်အောင် Facebook ကိုု အခကြေးငွေပေး ကြော်ငြာခြင်း ) ကိုုလည်း မေ့ထားလိုု့မရပါဘူး။ Facebook ads တွေဟာ ကိုယ့်ရဲ့ Product ကိုစိတ်ဝင်စားတဲ့ Customer တွေကိုလက်ကမ်းပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ Facebook Page ကိုလည်း Online ပေါ်မှာ ပိုမိုမြင်နိုင်အောင် ဖန်တီးပေးနိုင်ပါတယ်။ သိုု့သော် ကိုယ့်ဆိုင်နဲ့ပတ်သက်တဲ့ ကြော်ငြာတွေကို စိတ်ဝင်စားဖို့ကောင်းအောင် အပြောင်းအလဲဖြစ်အောင်ဖန်တီးပေးခြင်းဖြင့် ကိုယ့်ရဲ့ Customer တွေကို အတွေ့အကြံုအသစ်တွေ Menu အသစ်တွေနဲ့ ဆွဲဆောင်နိုင်မယ်ဆိုုတာကိုု တော့ မေ့မထားသင့်ပါဘူး။

Comments

comments