မြန်မာနိုင်ငံရဲ့ ဆိုရှယ်မီဒီယာအသုံးပြုရာတွင် ဆောင်ရန်ရှောင်ရန်များ

မြန်မာနိုင်ငံရဲ့ နည်းပညာအလျှင်အမြန်တိုးတက်လာမူများကြောင့် ကုန်ပစ္စည်း Brand များအနေဖြင့် သူတို့ရဲ့ Markeing Plan များထဲမှာ လူမူကွန်ရက်ကိုဘယ်လို အသုံးပြုရမယ်ဆိုတာတွေ၊ လူမူကွန်ရက်သုံးခြင်းဖြင့် ရောင်းအားတိုးလာမယ်ဆိုရင် ဘယ်လိုအကောင်းဆုံးတိုင်းတာရမယ်ဆိုတာတွေက သူတို့အတွက် အခက်အခဲဖြစ်လာပါတယ်။ စီးပွားရေးလုပ်ငန်းတိုင်းဟာ Facebook page လိုအပ်တယ်ဆိုတာသိကြပေမယ့် facebook pageတွေကနေ ဘယ်လိုအကောင်းဆုံးပြန်ရအောင်လုပ်ရမလဲဆိုတာက လုပ်ငန်းတိုင်းမေးနေကြတဲ့ မေးခွန်းပဲဖြစ်ပါတယ်။

ကိုယ့်ရဲ့fansတွေအတွက် အကောင်းဆုံး Platform တစ်ခုဖန်းတီးထားပါ။

ကမ္ဘာပေါ်မှာ ကုန်ပစ္စည်း Brand များအတွက် ဘယ် Social Media ကိုအသုံးပြုရမယ်ဆိုတာ ရွေးချယ်ရခက်လောက်အောင်ကို Social Media Channel များမှာ များပြားလာပါတယ်။ Twitter, Pinterest, Snapchat, Instagram, Tumblr, Youtue နဲ့ Facebook စတဲ့ လူမူကွန်ရက်တွေပေါ်မှာ ကိုယ့် Content ကို တစ်ပတ်ချင်းစီ Upload လုပ်မယ်ဆိုရင်တောင် အရမ်းကို များပြားလွန်းပါတယ်။ မြန်မာနိုင်ငံမှာတော့ အဓိကအားဖြင့် Facebook ကအသုံးပြုသူအများဆုံးဖြစ်တာကြောင့် ရွေးချယ်ရတာ လွယ်ကူတယ်လို့ပြောလို့ရပါတယ်။ စစ်တမ်းကောက်ယူမူများအရဆိုရင် Smart Phone အသုံးပြုသူ ၉၅%လောက်ဟာ Facebookကို အသုံးပြုကြပါတယ်။ ဒါဟာလည်း တစ်နှစ်ထက်တစ်နှစ် အရမ်းကိုသိသိသာသာ တိုးတက်လာပါတယ်။ ကိုယ့်ရဲ့ ပရိတ်သတ်တွေအများဆုံးအသုံးနေတဲ့ လူမူကွန်ရက်တွေပေါ်မူတည်ပီး ကိုယ့်အနေနဲ့လည်း တစ်ခု သို့မဟုတ် နှစ်ခုရွေးချယ်အသုံးပြုရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် Instagram ဟာဆိုရင် Millennial တွေကြားမှာ အလွန်ပဲနာမည်ကြီးလာပြီး Fan ကြီးမားလာမှုကလည်း မြင့်တက်နေပါတယ်။ Instagram မှာ Fan အများအပြားရှိတဲ့ မြန်မာအနုပညာရှင်တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ သူရဲ့မကြာသေးမီက အားလပ်ရက်ခရီးတစ်ခုအနေနဲ့ Janpan နဲ့ Europe ကိုသွားခဲ့တဲ့ အကြောင်းကို Instagram မှာတင်ခဲ့တာဟာဆိုရင် သူ့ရဲ့ပုံတစ်ပုံကို like ၅,၀၀၀ ကနေ ၁၀,၀၀၀ကြားရခဲ့တယ်ဆိုတာလည်း တွေ့ရပါတယ်။

ကိုယ့်ရဲ့ Brand အကြောင်းကို သိပါ။

ကိုယ့်ရဲ့ Audienceကိုသိတာဟာ အဓိကအရေးကြီးတဲ့အချက်ပါ။ Bill Cosbyရဲ့စကားအရ “ငါဟာ အောင်မြင်မူရဲ့ အဓိကအချက်တွေကိုတော့မသိပါဘူး ဒါပေမယ့် ကျရှုံးခြင်းဆိုတာကတော့ လူတိုင်းကို စိတ်ကျေနပ်အောင်ကြိုးစားနေတာပဲ ဖြစ်တယ်” လို့ပြောခဲ့ပါတယ်။ ဒါကြောင့် Facebook မှာ ကိုယ့်ရဲ့ Audience ကဘယ်သူလဲဆိုတာဆုံးဖြတ်ပြီးတော့ ကိုယ့်ရဲ့ Audience ကိုဆွဲဆောင်နိုင်မယ့် Content မျိုးကို ဖန်တီးပါ။  ကိုယ့် Brand နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းသိထားရမှာဖြစ်ပြီးတော့ ကိုယ့် Brand က ပြောသမ ျှတွေဟာဆိုရင်လည်း တစ်သမတ်တည်းဖြစ်နေသင့်ပါတယ်။ ကိုယ်ရဲ့ Brandဟာ ပျော်ရွှင်မူကိုထင်ဟပ်စေချင်တာလား၊ ခင်မင်နွေးထွေးမူကို ပြချင်တာလား၊ Professional ဆန်ချင်တာလားစသဖြင့် ကိုယ်ဖြစ်ချင်တဲ့ ပုံစံတစ်ခုပေါ်မူတည်ပီး Brand နဲ့ကိုက်ညီတဲ့ Content တွေ Video တွေ Graphic Photo တွေကို ဖန်တီးပေးရမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ Customer တွေကို အရည်အသွေးအပြည့်နဲ့ ဝန်ဆောင်မှုပေးပါ။

ကိုယ့်ရဲ့ နေ့စဉ်သော်လည်းကောင်း တစ်ပတ်တစ်ရက်သော်လည်းကောင်း တင်နေတဲ့ Post တွေမှာ ကိုယ့် Fan တွေရဲ့ မေးမြန်းမူကို မြန်မြန်ဆန်ဆန် တုံ့ပြန်ဖြေကြားပေးနိုင်ဖို့က အဓိကပါ။ လူတော်တော်များများဟာ မကြာခဏဆိုသလို သူတို့ရဲ့ Feedback တွေကို share ခြင်း၊ comment ပေးခြင်း၊ မေးခွန်းမေးခြင်းများလုပ်ကြပါတယ်။ ကိုယ်အသုံးပြုနေတဲ့ လူမူကွန်ရက် Channel တွေပေါ်မှာ အကောင်းဆုံး ဝန်ဆောင်မူပေးနိုင်ဖို့က အရမ်းကိုအရေးကြီးပါတယ်။ Customer တွေကိုအကောင်းဆုံးအတွေ့အကြုံမျိုး ပေးချင်တယ်ဆိုရင် သူတို့မေးမြန်းသမျှကို ဖုန်းခေါ်၍သော်လည်းကောင်း messageပြန်၍သော်လည်းကောင်း ပြန်လည်ဖြေကြားပေးရမှာဖြစ်ပါတယ်။
ကိုယ့်ရဲ့ Product ၊ ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး ဂုဏ်ယူရအောင်လုပ်ဆောင်ပါ။ Customer တွေရဲ့ negative feedback တွေ complaint တွေကိုနားထောင်ပီး သူတို့ရဲ့ ပြဿနာတွေကို အဆင်ပြေအောင်ကူညီဖြေရှင်းပေးပါ။ Customer တွေ Complaintတွေကိုသာ လျစ်လျူရှုမိမယ်ဆိုရင် ကိုယ့်ရဲ့နာမည်ကျော်ကြားမူကိုပါထိခိုက်လာနိုင်ပါတယ်။ Customer တွေရဲ့ ပြဿနာတွေကို မြန်မြန်ဆန်ဆန် ရှင်းလင်းဖြေကြားပေးတာဟာ ကိုယ်ဟာ Customerကိုဂရုစိုက်တယ် ပြဿနာပြေလည်စေချင်တယ်ဆိုတာကို သိသာစေပါတယ်။
ကိုယ့်ရဲ့ Loyal Fan တွေကို လက်ဆောင်ပေးတာမျိုး ဆုပေးတာမျိုး လုပ်ပေးပါ။

 

ကိုယ့်ရဲ့ Loyal Fan တွေနဲ့ relationship တည်ဆောက်ဖို့ဆိုရင် သူတို့နဲ့ အဆက်ပြတ်မသွားဖို့ အရေးကြီးပါတယ်။

ကိုယ့်ရဲ့ Brand အကြောင်း Social Media ပေါ်မှာတင်လေ့ရှိတဲ့သူတွေအတွက် ရွေးထုတ်ပေးဖို့အတွက်ဆိုရင် ရိုးရှင်းတဲ့ # (Hashtag) Campaign လေးလုပ်ပေးတာကလည်း ထိရောက်မှုထိပါတယ်။ ကိုယ့် Fan တွေရဲ့ ပုံတွေနဲ့အတူ သူတို့ပေးထားတဲ့ Feedback တွေကို ကိုယ့်ရဲ့ Profile ပေါ်မှာ shareပေးခြင်းဖြင့် Fanတွေအပေါ် အလေးထားအသိအမှတ်ပြုတယ်လို့ခံစားရစေပါတယ်။ သူတို့ရဲ့ ပုံတွေကို post တင်တာမျိုး သူတို့ကို Loyalty Voucher ပေးပြီး ကိုယ့်ရဲ့ restaurant မှာ check in တင်ခိုင်းတာမျိုးလုပ်ပေးခြင်းဖြင့် ကိုယ့်ရဲ့ profile ကိုသုံးပီး fanတွေနဲ့ တိုက်ရိုက်ဆက်သွယ်မူများ လုပ်လို့ရနိုင်ပါတယ်။

တီထွင်ဖန်တီးပါ။
ကိုယ့်ရဲ့ Product နဲ့ Feature အကြောင်းပဲ အမြဲပြောနေတာမျိုး မလုပ်ပါနဲ့။ ကိုယ့်ရဲ့ fan တွေနဲ့အတူ Personal အရ စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းမျိုး ၊ lifestyle Photos မျိူး၊ Inspirational quotes မျိုး စတဲ့ Post တွေတင်ပေးခြင်းဖြင့် တီထွင်ဖန်တီးမူများ ပြုလုပ်ပါ။ Graphic ပုံတွေနဲ့အတူ post တင်ခြင်းဟာ စာတစ်ခုထဲ တင်တာထက် ပိုပြီး Engagement ရစေပါတယ်။ Stock Images ချည်းသပ်သပ်တင်တာမျိုးကိုတော့ရှောင်ရှားပေးပါ။ ကိုယ်ရဲ့နေရာဒေသနဲ့ ကိုက်ညီတဲ့ Graphic ပုံမျိုးက ပိုပီးအကျိုးသက်ရောက်မူရရှိနိုင်သလို Share အရေအတွက်လည်း ပိုများများရနိုင်ပါတယ်။ Video Content တွေဟာဆိုရင် လူမူကွန်ရက်တွေပေါ်မှာ အများကြီးအကျိုးသက်ရောက်မူ ရရှိနိုင်ပါတယ်။ အမှန်အကန် အရည်အသွေးပြည့်ဝတဲ့ Video Content မျိုးဟာ Graphic ပုံတွေထက် အနည်းဆုံး ၃ ဆလောက် Engagement ပိုရပါတယ်။

Postတစ်ခုတင်မယ်ဆိုရင်တော့ မြန်မာလိုရော English လိုရော စာလုံးပေါင်းသတ်ပုံ၊ ၀ါကျအထားအသိုကအစ သေချာဂရုစိုက်စစ်ဆေးပေးရပါမယ်။ ကိုယ့်ရဲ့ Content တွေဟာ ကိုယ့် Brand Image ကိုထင်ဟပ်စေတဲ့ အတွက်မှန်ကန်ဖို့ကို အမြဲဂရုစိုက်စေချင်သလို အမြဲမှန်ကန်ဖို့လည်း လိုအပ်ပါတယ်။

အရမ်းကောင်းမွန်ပီး ပြီးပြည့်စုံတဲ့ Content မျိုးကို ဖန်တီးပီးရင် ဒီContent ကနေ ကိုယ်ဘာရနိုင်မလဲ တိုင်းတာဖို့လိုအပ်ပါတယ်။ Postတစ်ခုမတင်ခင် ကိုယ်ဒီကနေ ဘာပြန်လိုချင်တာလည်းသေချာစဉ်းစားပါ။ Fan အများကြီးလိုချင်တာလား၊ ကိုယ့်ရဲ့ Brandကိုလူသိများလာစေချင်တာလား၊ ကိုယ့်ရဲ့ Customerတွေဒီထက်ပိုများလာပီး ရောင်းအားတွေ တက်လာချင်တာလား စသဖြင့် သေသေချာချာစဉ်းစားရမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Content ကနေ ကိုယ်လိုချင်တဲ့ ရလဒ်မျိုး ရရှိရဲ့လား သိချင်ရင် Post မတင်ခင် အခြေအနေနဲ့ တင်ပီးအခြေနေကို တိုင်းတာဖို့လိုအပ်ပါတယ်။

Comments

comments