ဘာကြောင့် Instagram ဟာ မြန်မာ့လူမှုကွန်ရက်တွေမှာ ရေပန်းအစားဆုံးဖြစ်လာမှာလဲ 

ဘာကြောင့် Instagram ဟာ မြန်မာ့လူမှုကွန်ရက်တွေမှာ ရေပန်းအစားဆုံးဖြစ်လာမှာလဲ ဒီနေ့ခေတ်မှာ Social Media လို့ခေါ်တဲ့ လူမှုကွန်ရက်အသုံးပြုသူတွေ  များပြားလာတာနဲ့အမျှ  Instagram အသုံးပြုသူတွေလည်း ဒုနဲ့ဒေးရှိလာပါပြီ။ Instagram ဆိုတာ ဖေ့စ်ဘွတ်လိုပဲ ကိုယ့်ရဲ့ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ကို တင်လို့ရတယ်။ ကိုယ့်သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေအပါအဝင် ကိုယ်သိချင် ခင်ချင်တဲ့သူတွေကို Follow လုပ်ထားပြီး သူတို့တင်တဲ့ ပုံတွေ၊ အကြောင်းအရာတွေကို ကြည့်လို့ရတဲ့ အက်ပလီကေးရှင်းတစ်ခုပါပဲ။ အဲဒီတော့ နောင်မကြာမီကာလအတွင်းမှာ Instagram  ဟာ မြန်မာ့လူမှုကွန်ရက်မှာ နာမည်ကျော်လာပါ တော့မယ်။ ဘာကြောင့်ပါလဲ။

1. လက်ရှိမှာတော့ ကမ္ဘာတစ်ဝန်း Instagram အသုံးပြုသူတွေရဲ့ ဓာတ်ပုံနဲ့ ဗီဒီယို Post ပေါင်း ၉၅ သန်းနဲ့ ့ ၄ ဒသမ ၂ ဘီလီယမ်သော အကြောင်းအရာတွေက Instagram မှာ နေ့စဉ်နဲ့အမျှ မယုံနိုင်လောက်အောင် မြင်တွေ့နေကြရပါပြီ။

2. Instagram ကို Facebook ကဝယ်ယူလိုက်ပေမယ့် သူ့ရဲ့အောင်မြင်မှုကိုတော့ မလွှမ်းမိုးနိုင်ခဲ့ပါဘူး။ Facebook ကအသုံးပြုသူပေါင်း သန်း ရ၀၀ လောက်ရှိနေချိန်မှာ Instagram က အသုံးပြုသူ ၆၀၀ ရာခိုင်နှုန်း တိုးပွားနေခဲ့ပါပြီ။ ဒါဟာလွန်ခဲ့တဲ့လေးနှစ်လောက်ကစပြီး တိုးပွားလာတဲ့ အရှိန်အဟုန်ပါ။

3. Instagram မှာရှိတဲ့ Influencer တွေရဲ့ Follower တွေဟာ တစ်လိုင်းတည်းသီးသန့်သွားကြတာကို တွေ့ရပြီး အလှအပနဲ့ မော်ဒယ်လ်လိုင်းတွေမှာဆို Follower သန်း ၂၀ လောက်အထိရှိနေတာတောင် တွေ့ရပါတယ်။

4. Influencer Marketing လည်းတိုးတက်လာမယ်၊ Instagram ရဲ့အရေးပါမှုကလည်း အမြင့်မားဆုံးဖြစ်လာမယ်ဆိုရင်တော့ Brands တွေကလည်း သူတို့ရဲ့ Influencer အသုံးပြုမှုအတွက် ငွေကြေးပိုမို သုံးစွဲလာကြမှာပါ။

5. Influencer Marketing နဲ့ပတ်သက်ပြီး လူသိများလာတာနဲ့အမျှ Influencer ကိုသုံးပြီး ကြော်ငြာတဲ့ Post တော်တော်များများကိုလည်း တွေ့လာရမှာဖြစ်ပါတယ်။ Influencer Marketing အသုံးပြုမှုဟာ ၂၀၁၅ နဲ့ ၂၀၁၇ကြားမှာ သုံးဆများလာတာတွေ့ရသလို နောက်နှစ်တွေမှာလည်း ဒီထက်နှစ်ဆ တက်လာနိုင်ဖွယ် ရှိပါတယ်။

6. Instagram က ပို့စ်တွေဟာ တခနအတွင်းနဲ့ ထိရောက်မှုရှိတာကြောင့် Twitter အသုံးပြုလိုသူတွေ အလျင်အမြန်ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒါဟာ Instagram Post တွေက Twitter ထက်ပိုပြီး Engagement နှုန်း ပိုမြင့်တာကြောင့်ပါ။ ဒီနှစ်ခုကိုယှဉ်ကြည့်မယ်ဆိုရင် Follower နည်းတဲ့ Influencer တွေတောင် Instagram မှာ Engagement ပိုပြီးတက်အောင် လုပ်ရတာလွယ်တဲ့အတွက် Follower ၁၀၀၀ ကနေ ၁၀၀၀၀ အထိဖြစ်သွားနိုင်လို့ပါပဲ။

Comments

comments