ဂျူလိုင်လအတွက် Facebook ပေါ်တွင် ရေပန်းအစားဆုံး ဗီဒီယိုများ

Am I Handsome?  

https://www.facebook.com/otsthrr.nge/videos/1563591310338700/
ဒီဗီဒီယိုကတော့ မြန်မာနိုင်ငံမှာ ဇွန်လအတွက် လူကြည့်ရှုမှုအများဆုံး ဗီဒီယိုလို့ ပြောလို့ရတဲ့ “ကျွန်တော်ချောလား” ဆိုတဲ့ Prank ဗီဒီယိုပါ။ Prank ဗီဒီယိုတွေဟာ နိုင်ငံတကာမှာ ခေတ်စားနေတာကြာပေမယ့် မြန်မာနိုင်ငံမှာတော့ အခုနောက်ပိုင်းမှ လုပ်လာကြတာကိုတွေ့ရပါတယ်။ ယခုဗီဒီယိုကိုတင်ထားတဲ့ Nyein Chan Htet Aung ဆိုသူကလည်း ယခင်ကတည်းက Prank ဗီဒီယိုတွေ ရိုက်ကူးခဲ့သူဖြစ်ပြီး ယခု “ကျွန်တော်ချောလား” ဗီဒီယိုကတော့ သူ့ကို မိန်းကလေးတော်တော်များများ သတိထားမိသွားစေခဲ့ပါတယ်။ အနားမှာ ရှိနေတဲ့ သူစိမ်းတွေကို ကျွန်တော်ချောလားဆိုပြီး လိုက်မေးဖို့ကတော့ တော်ယုံလူ မလုပ်နိုင်လောက်ဘူးတော့ ထင်တယ်နော်။ ၃ မိနစ် နဲ့ ၃၄ စက္ကန့် ကြာချိန်ရှိတဲ့ ဗီဒီယိုုဟာ လက်ရှိအချိန်မှာတော့ React ၄သောင်းကျော်၊ Share ပေါင်း ၁သောင်းခြောက်ထောင်ကျော် နဲ့ ကြည့်ရှုမှုအကြိမ်ပေါင်း ၈သိန်း၃သောင်းကျော် ရှိနေပြီဖြစ်ပါတယ်။

 

U Phone (Chemistry) and Apple Story https://www.facebook.com/ubhonechemistry.2k17/videos/1482141241843714
စာပေအသိုင်းအဝိုင်းမှာကော လူငယ်တွေအသိုင်းအဝိုင်းမှာပါ တော်တော်ဂယက်ဖြစ်သွားတဲ့ ဗီဒီယိုပါ။ စာရေးဆရာတစ်ဦးလည်းဖြစ် စာပေဟောပြောပွဲတွေမှာလည်း အပြောအဟောကောင်းတဲ့ ဦးဘုနု်း (ဓါတုု) ရဲ့ စမ်းသပ်နည်းလေးတစ်ခု ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗီဒီယိုကတော့ လက်ရှိအချိန်မှာ React ၁သောင်းကျော်၊ Share ၅ထောင် ကျော်နဲ့ ကြည့်ရှုသူပေါင်း ၁သိန်း၆သောင်းကျော် ရှိနေပါတယ်။ ဒီဗီဒီယိုရဲ့ အကြောင်းအရာကတော ကျောင်းတစ်ကျောင်းမှာလုပ်တဲ့ စာပေဟောပြောပွဲမှာ ဦးဘုန်း (ဓါတု)ကနေ ပန်းသီးနှစ်လုံးကို ကျောင်းသားတွေဘက်ကို ပစ်ပေးလိုက်ပြီး ပန်းသီးရတဲ့ ကျောင်းသားနှစ်ဦးကို စင်ပေါ်ကိုတတ်လာစေခဲ့ပါတယ်။ စင်ပေါ်ရောက်တဲ့အချိန်မှာတော့ ရတဲ့ပန်းသီးကို ဘာလုပ်မလဲဆိုတဲ့ မေးခွန်းကို ဖြေစေခဲ့ပြီး ကျောင်းသားလေးတွေကတော့ စားမယ် နဲ့ အိမ်ယူသွားမယ် စတဲ့ အဖြေတွေကို အသီးသီး ဖြေလိုက်ကြပါတယ်။ ထိုအချိန်မှာတော့ ဦးဘုန်း မှ ပန်းသီးကို သူများကိုကျွေးမယ်ဟု မပြောကြောင်း၊ ဘုရားကပ်မယ်ဟု မပြောကြောင်း စသည်ဖြင့် ပြောကြားပြီး နိုင်ငံရေးဘက်နွယ်တဲ့ စကားများပြောကြားခဲ့တာကြောင့် အဆိုပါ ဗီဒီယိုဟာ လူကြီးပိုင်းကော လူငယ်ပိုင်းမှာပါ အတော်လေး ဂယက်ထသွားခဲ့ပါတယ်။

 

Myint Myat “Jinn Kaung”

https://www.facebook.com/zinmaysann57/videos/278491105955188/
Facebook ပေါ်မှာပါမက အပြင်လောကမှာပါ သူငယ်ချင်း အချင်းချင်းကို “ဂျင်းကောင်” ဆိုပြီး နှုတ်ဆက်လာကြတဲ့ အထိ ဒီဗီဒီယိုဖိုင်ဟာ ပွသွားခဲ့ပါတယ်။ ဗိုလ်အောင်ဒင်ချစ်သော မိန်းမများ ဆိုတဲ့ ဇာတ်ကားထဲက မြင့်မြတ်ရဲ့ သရုပ်ဆောင်ကွက်အချို့ပါဝင်တဲ့ ဗီဒီယိုဟာ Facebook ပေါ်မှာ လူသိများသွားခဲ့ပါတယ်။ အဲ့ဒီ့ဇာတ်ကားထဲက မြင့်မြတ်သရုပ်ဆောင်ထားတဲ့ အသံအတိုင်း လိုက်တုပြီး အပြင်မှာပါ လိုက်ပြောကြတဲ့အထိ အောင်မြင်သွားခဲ့ပြီး အဲ့ဒီ့ထဲက ဂျင်းကောင်ဆိုတဲ့စကားကလည်း လူငယ်တော်တော်များများ ပါးစပ်ထဲမှာ ရေပန်းစားသွားခဲ့ပါတယ်။ ယခုအချိန််မှာ မူရင်း ဗီဒီယိုကိုတော့ ပြန်ရှာမတွေ့တော့ပဲ တဆင့်ပြန်တင်ထားတဲ့ ဗီဒီယိုတွေပဲ တွေ့နိုင်တော့ပါတယ်။

Written by Yel Myat Bhome

Comments

comments